Friday, May 18, 2012

နေ့သစ်များဆီသို့

နေ့သစ်များဆီသို့
ကောင်မလေးရယ် အ၇င်တုန်းက
အချိန်တွေကို ဘာမှန်းမသိ
ဖြတ်ကျော်လာခဲ့တာ အခုတော့လေ
အချိန်ဆိုတဲ့ ရာသီစက်ဝန်းကြီးကို
လှည့်ပတ်လို့ ရခဲ့မယ်ဆိုရင်လေ
ငါ့ခွန်အား တွေနဲ့
အားသွန်ခွန်စိုက်
လှည့်ပစ်လိုက်မိ မှာပဲ
ဘာဖြစ်လို့ လဲရယ်လို့ မေးခဲ့ရင်
နင်ပြောခဲ့တဲ့ နှစ်နှစ်ဆိုတဲ့
အချိန် နာရီ တွေကို
ငါ အသည်းကျွမ်းမတက်
ခံစားရတာ ကြောက်မိလို့ပေါ့
ဖြစ်ချင်လို့ ပြောခဲ့ပေမယ့်
ဘဝဆိုတာကို
ငါ့တို့ လိုလူသားတွေ
ပြောင်းလဲနိုင်ကြတာမှ မဟုက်တာ
ဒါပေမယ့် ကောင်းမလေးရယ်
တက်ကြွတဲ့ ငါ့ရဲ့စိတ်
လန်းဆန်းတဲ ငါ့နှလုံးသားက
မင်းနဲ့လက်တွဲမယ့်
တောက်ပတဲ့ နေ့သစ်များဆီ သို့……
ရင်ခုန်စွာနဲ့ ခရီးပြင်း နင်းရင်း
ရောက်လုလုမှာ
နေမထွက်မှာကိုတော့ ကြောက်မိပါရဲ့
ကောင်မလေးရယ်
ဇော်ထက်

1 comment:

  1.ူlwanthunalmyayမှကူးယူဖော်ပြထားပါသည်။

    ReplyDelete