ဒီပို့စ်လေးက
အများဆုံး တောင်းဆိုခံရတဲ့ ပို့စ်လေးပါ။ ဆယ်ကျော်သက်တွေနဲ့
အဆီပြန်တဲ့အသားအရေပိုင်ရှင်တွေကို အများဆုံးဒုက္ခပေးနေတဲ့ ပြဿနာပေါ့။
ရင်နှင်းကိုယ်တိုင်လည်း အသားအရေမကောင်းတော့ သူငယ်ချင်းတို့အတွက်ရော
ရင်နှင်းအတွက်ရော အားလုံးအတွက် အဆင်ပြေမယ့် နည်းလေးတွေကို
ကြိုးစားပမ်းစားရှာထားပါတယ်။ သူငယ်ချင်းတို့အတွက် နဲနဲပဲဖြစ်ဖြစ်
အထောက်အကူဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ နောက်ထပ် ပိုကောင်းတဲ့နည်းလေးတွေ
တွေ့ရင်လည်းပို့စ်တင်ပေးပါအုံးမယ်။ လောလောဆယ်တော့ အောက်ကနည်းတွေကို
စမ်းကြည့်ပါအုံးနော် သူငယ်ချင်းတို့။
ဝက်ခြံက
စပေါ်လာတဲ့အချိန်ထဲက လူကို စိတ်အနှောင့်ယှက်ပေးတယ်။ ပျောက်သွားရင်လည်း
အမာရွတ်တွေကျန်ခဲ့ရော။ အလှအပကြိုက်တဲ့သူတွေအတွက်တော့ မဟာရန်သူတော်ကြီးပေါ့။
ဝက်ခြံအဖုက ပေါ်တာခဏပဲ။ ကျန်ခဲ့အမာရွတ်တွေက နှစ်ရှည်လများ စိတ်ဒုက္ခပေးတော့တာ။
အဲ့ဒီတော့ အဲဒီအမာရွတ်တွေကို ကြိုးစားပမ်းစား ရှင်းပစ်ကြရအောင်နော်။
တစ်ခုပြောပြချင်တာကတော့
အောက်ကနည်းတွေက အရမ်းဆိုးတဲ့အမာရွတ်တွေအတွက်တော့ မရဘူးနော်။ ပြီးတော့ ၀က်ခြံက
ပိုးဝင်ရောင်ရမ်းနေရင်လည်း မလုပ်သင့်ဘူးလေ။ ဒါကြောင့် အရမ်းဆိုးတဲ့အမာရွတ်တွေရှိရင်
ဝက်ခြံတွေကပိုးဝင်ရောင်ရမ်းနေရင်တော့ အရေပြားအထူးကုဆရာဝန်ကြီးတွေကိုပဲ
အားကိုးရမှာပါ သူငယ်ချင်းတို့။
ရှောက်၊ သံပုရာရည်၊ သံပုရို
သံပုရာသီးကတော့ အရေပြားရဲ့အနာအဆာတွေကို ဖယ်ရှားပေးတဲ့နေရာမှာ ဆရာကြီးပဲလေ။ သံပုရာရည်က Citric Acid ဟာ အရေပြားကိုနုပျိုစေတဲ့ Alpha Hydroxy Acids (AHA) နွယ်ဝင်ပေါ့။ AHA ဟာ ဆဲလ်ဟောင်းတွေကို ဖယ်ရှားပေးတယ်။ ဆဲလ်သစ်တွေဖြစ်ပေါ်တာကို အားပေးတယ်။ အရေပြားရဲ့ ကျုံဆန့်နိုင်တဲ့သတ္တိကို ပြန်လည်ရရှိစေပြီး အမာရွတ်ကိုလည်း ဖျော့သွားစေတာကြောင့် ၀က်ခြံအမာရွတ်တွေအတွက်တော့ အရမ်းအသုံးဝင်တယ်လေ။ အဲ့ဒီတော့ သံပုရာရည်လေးကို အမာရွတ်ပေါ်တို့ထားပြီးခဏနေရင် ရေဆေးချလိုက်နော်။ တချို့ကလည်း သံပုရာရည်ကို ညမအိပ်ခင် အမာရွတ်ပေါ်လိမ်းပြီး အိပ်နိုင်တယ်လို့ ပြောပါတယ်။ ဒါပေမယ့် အရမ်းနုတဲ့ အသားအရေတွေတော့ အဲလိုမလုပ်သင့်ဘူးထင်တာပဲ။
စန္ဒကူး
စန္ဒကူးကလည်း ၀က်ခြံအမာရွတ်တွေကို ပျောက်ကင်းစေတဲ့နေရာမှာ နာမည်ကြီးပါတယ်။ ဒါပေမယ့် စန္ဒကူးကို နှင်းဆီရည်နဲ့ ရောပေးရမှာပါ။ ၂ခုရောပြီး အနှစ်ပျစ်ပျစ်လေးဖြစ်လာတဲ့အခါ လိမ်းအိပ်လိုက်ပါ။ မနက်နိုးရင် မျက်နှာသစ်လိုက်ပေါ့။ အမာရွတ်တွေ ပျောက်ကင်းသွားတဲ့အထိ လုပ်ပေးရမှာပါ။
ခရမ်းချဉ်သီး
ခရမ်းချဉ်သီးကို ပါးပါးလှီးပြီး အမာရွတ်တွေပေါ် ပွတ်ပေးပါတဲ့။ ခရမ်းချဉ်သီးမှာVitamin A တွေ အများကြီးပါတယ်လေ။ Vit A က ၀က်ခြံထွက်တာကို လျှော့နည်းစေတယ်။ အသားအရေကို လန်းဆန်းစေတယ်။ အမာရွတ်တွေနဲ့ အသားအရေပျက်စီးတာတွေကိုလည်း ပျောက်ကင်းသက်သာစေတယ်လေ။
သံလွင်ဆီ
သံလွင်ဆီက စားစရာတွေကို ပိုပြီးအရသာရှိစေသလို သင့်ကိုပိုလှလာအောင်လည်း စွမ်းဆောင်ပေးနိုင်တယ်နော်။ သံလွင်ဆီကို အမာရွတ်ပေါ်လူးပြီး နှိပ်နယ်ပေးပါ။ သံလွင်ဆီက အစိုဓာတ်ကို ဖြည့်ဆည်းပေးပြီး အသားအရေကိုနူးညံ့စေလို့ အမာရွတ်တွေကို မသိသာစေတော့ဘူးပေါ့။
ပျားရည်
ပျားရည်ကို သောက်မယ်၊ ပျားရည်နဲ့ မျက်နှာပေါင်းတင်ပေးမယ်ဆိုရင် ပျားရည်ရဲ့အစိုဓာတ်ဖြည့်ပေးတဲ့အစွမ်းကြောင့် ၀က်ခြံအမာရွတ်တွေကို ကုသရာမှာ ထိရောက်မှုရှိတယ်လေ။ ပျားရည်က ဒီလောက်စားလို့ကောင်းတာ၊ အသားလည်းလှစေတယ်ဆိုတော့ စမ်းကြည့်သင့်တယ်နော်။
Vitamin E
Vit E က အသားကိုလှစေတာ လူတိုင်းသိတယ်ဟုတ်?? Vit E က ၀က်ခြံအမာရွတ်မှ မဟုတ်ဘူးနော်။ အမာရွတ်တိုင်းကို သက်သာပျောက်ကင်းစေနိုင်တယ်လေ။ ကလေးမွေးပြီးလို့ ဗိုက်ကြောပြတ် ကျန်ခဲ့သူတွေအတွက်လည်း အသုံးဝင်ပါသေးတယ်။ ၀က်ခြံအမာရွတ်တွေအတွက်တော့ တော်တော်စွမ်းတယ်ဆိုပဲ။ Vit E အဆီလေးကို ၀က်ခြံအမာရွတ်တွေပေါ် သေချာစိမ့်ဝင်သွားအောင် လိမ်းပေးပါ။ အမာရွတ်တွေ တဖြည်းဖြည်းသက်သာလာပြီး သိပ်မဆိုးတဲ့ အမာရွတ်တွေဆိုရင် အချိန်တိုအတွင်းမှာ လုံးဝသက်သာပျောက်ကင်းစေနိုင်တယ်ဆိုတော့ သူ့အစွမ်းကအံ့မခန်းပါပဲနော်။
သခွားသီး
အရေပြားပြဿနာအမျိုးမျိုးမှာ သုံးနိုင်တာကတော့ သခွားသီးလေးပါပဲ။ ၀က်ခြံအမာရွတ်တွေမှာလည်း သုံးနိုင်တယ်လေ။ သခွားသီးရည်လတ်လတ်ဆပ်ဆပ်ကို အမာရွတ်တွေပေါ် လိမ်းပေးပြီး မိနစ် ၂၀ ထားပါ။ ပြီးတော့ ရေအေးလေးနဲ့ မျက်နှာသစ်လိုက်နော်။ နေ့တိုင်းလုပ်သွားရင် အမာရွတ်တွေလည်း သက်သာလာမယ့်အပြင် အသားအရေလည်း လှလာမှာဆိုတော့ စမ်းကြည့်သင့်တာပေါ့။
နည်းတွေကတော့ အများကြီးပါပဲ
သူငယ်ချင်းတို့ရေ။ ကိုယ်နဲ့ အဆင်ပြေနိုင်တာလေး ရွေးလုပ်ကြည့်ပေါ့။ အားလုံးကတော့
သူ့ဟာနဲ့သူ အစွမ်းထက်မှာပါ။ တခုပဲ :D စိတ်ရှည်ဖို့ပဲ လိုတယ်နော်။ အမာရွတ်တွေကို
လုံးဝပျောက်ကင်းစေတယ်ဆိုတဲ့ ကမ္ဘာကျော်ထုတ်ကုန်တွေတောင် တရက်ကို ၃ - ၄ ကြိမ်
လိမ်းရပေမယ့် အနည်းဆုံး ၆ လ လောက်နေမှ အမာရွတ်တွေပျောက်တာ ဆိုတော့လေ။ အဲဒီတော့
ကိုယ်လှဖို့ပဲ သယ်ရင်းတို့ရယ် စိတ်ရှည်ရှည်နဲ့ ကြိုးစားလိုက်ကြစို့နော်။ Fighting !!!!
ဝက်ခြံရှိတဲ့သူငယ်ချင်းတို့အတွက်
အကျိုးရှိမယ့်ပို့စ်လေးတွေ
ကျန်းမာရေးနဲ့ အလှအပဗဟုသုတ
အတိုအထွာလေးတွေကို Facebook က Myanmar Sky Link Page မှာ ဖော်ပြပေးသွားမှာပါ သူငယ်ချင်းတို့ရေ..။ ဒါကြောင့်
Facebook Page ကို Like ပေးထားရင် ပိုအဆင်ပြေမှာပါ။ ပို့စ်တွေ
ဘယ်ဘက်က Facebook Like Box မှာလည်း Like လုပ်လို့ ရပါတယ်ရှင်။ Facebook
မှာ Like ပေးထားရင် ပို့စ်အသစ်တင်တိုင်း သိနိုင်ပါတယ်
သူငယ်ချင်းတို့ရေ.. Thx A Lot !!!
ပို့စ်ကို
ကူးယူဖော်ပြမယ်ဆိုရင်
Myanmar Sky Link
(Myanmar Health & Beauty Website)
www.myanmarskylink.com မှ ကူးယူဖော်ပြပါသည် လို့ ထည့်ပေးပါနော် သူငယ်ချင်းတို့..။ ကျေးဇူးတင်ပါတယ်ရှင်..။
(Myanmar Health & Beauty Website)
www.myanmarskylink.com မှ ကူးယူဖော်ပြပါသည် လို့ ထည့်ပေးပါနော် သူငယ်ချင်းတို့..။ ကျေးဇူးတင်ပါတယ်ရှင်..။
123456789
#66
မင်းအောင် 2012-05-25 20:16
အမရေ ကျနော် လည်းမျက်နှာပေါ်မှာ ၀က်ခြံမရှိတော့ ပေမယ့် ချွေးပေါက်ကျယ်ေ တွ ရယ် အမာရွတ်ရယ် ထင်ကျန်ခဲ့ရပါတယ်... အဲဒါတွေကို ပျောက်ဖို့အတွက်
Hiruscar ကို အခုလိမ်းနေပါတယ် ... ပျောက်တာတော့ပျေ
ာက်ပင်မယ့် ကျနော့်စိတ် ဘ၀မကျဘူး
ဖြစ်နေပါတယ် ... အမတို့ ပြောတဲ့ လေဆာ ကုထုံး ဆိုတာ ဘယ်မှာကုလို့ရနိုင်ပြီး ဘယ်လောက်များများ ကုန်ကျနိုင်ပါသလဲ အမ... သူက လေဆာတစ်ခါ ပစ်ပြီးရင်
နေပူထဲ ကို ထွက်ဖို့ အချိန်ဘယ်လောက်ေ
လာက်ပြန်ယူရပါသလဲ ... ဘာလို့လဲဆိုတော့ ကျနော်က
ကျောင်းတက်နေရသူ ဖြစ်တဲ့အတွက် နေပူထဲ ကတော့ မဖြစ်မနေထွက်ရမှာမို့လို့ပါ ... အဖြေအတွက်စောင့် မျှော်နေပါ့မယ် ...
#65
zinlay 2012-05-24 16:13
မမ၇င်နှင်း၇ယ် အလေးအနက်ထားအကူအ ညိတောင်း၇ပါစေေ နာ် အခုဆို၇င် ညီမလေးမျက်နှာမှာ မျက်နှာတခုလုံးး လိုလို ၇စ၇ာမ၇ှိအောင် ၀က်ခြံအမာ၇ွတ်တွေ အမဲစက်တွေ ၇ှိနေပါတယ်။ဝက်ြ ခဲအဖုသေးသေးလေး တွေကလဲနေ့ တမျိုးးအမျိုးမျိုးထွက်နေပါတယ် သံပ၇ာသီးနဲ့ ပွတ်လဲမ၇ နေ့ တိုင်း ကြက်ဥအကာလိမ်းလဲ မ၇ တော်တော်ကိုတိုး နေပါတယ် နည်းလမ်းလေးတွေ ပြောပြပြီးတော့ ကုညီပါနော်။ ချစ်သူနဲ့ တွေ့ ချင်တာတောင်ကို ယ့်မျက်နှာကိုမ ပြ၇ဲလို့  မတွေ့ ၇ဲဖြစ်နေ၇ပါတယ် ...သိသလောက်ပြောပြကူညီပေးပါ၇ှင်..။ညိမလေး မမဆီကပြန်စာကို အားကိုးမျော်လင့်နေပါ့မယ် :( :'(
#64
doezat 2012-04-30 14:48
ဝက်ခြံကြောင့် မျက်နှာမှာချို င့် လေးတွေဖြစ်နေပါ တယ်.ဘယ်လိုလုပ်၇မလဲ...ပြောပြပါလား
#63
့jojoe 2012-03-25 15:34
Quoting ရင်နှင်း:
Quoting JOEJOE:
အမရေ ကျွန်တော်က ၀က်ခြံ
တွေရှိနေလို့ဘယ် လိုလုပ်ရမလဲ
ဟင် ၀က်ခြံက ဒီအတိုင်းနေရင် နဲနဲဘဲမြင်ရတာ
ပါးဖောင်းလိုက်ရ င်မျက်နှာတ၀က်လောက်ရှိတယ်ပါးတ၀က်လောက်ပေါ့ ၀က်ခြံက ကြီးလဲမသွားဘူး သေးလဲမသွားဘူး ၀က်ဲခြံက သူများလိုနီနီရဲ ရဲလဲမဟုတ်ဘူး ဒါပေမယ်ညှစ်လိုက်ရင် အညိုေ၇ာင်အဆီခဲေ လးဗျ
အဲဒါဘာသုံးရမလဲ ဘယ်မှာဝယ်ရမလဲလမ်းညွှန်ပေးပါ ;(

မောင်လေးပြောပုံ အရဆိုရင်တော့ ၀က်ခြံထက် အဆီဖုလေးတွေ ဖြစ်နိုင်ပါတယ်.. အဆီပြန်ခြင်းကင်းပြီး ၀က်ခြံတွေလည်းရှ င်းစေဖို့ ဆိုတဲ့ပို့စ်ကို ဖတ်ကြည့်ပါ.. အသားအရေကို အမြဲဂရုစိုက်ပေး သွားရင် တဖြည်းဖြည်းသက်သာလာမှာပါ..
ဒါဆိုဘယ် ဟာတွေသုံးရမလဲ ပြောပြပေးပါ
#62
ရင်နှင်း 2012-03-24 17:59

#61
ရင်နှင်း 2012-03-24 17:53
Quoting စိုင်း:
အရင်က၀က်ခြံညစ်ြ ပီး ကျန်ခဲ့တဲ့ အမာရွတ် အပေါက်တွေကော
ပျောက်နိုင်လားမ သိဘူး
အစ်မ.ပျောက်အောင်ကောဘ ယ်လိုလုပ်လို့ရမ လဲခင်ဗျာ.
ဖြစ်ကာစဆိုရင်တော့ အမာရွတ်ပျောက်လိ မ်းဆေးကို သေချာစွဲလိမ်းရင် ပျောက်ပါတယ်ရှင် .. ကြာတာတွေကိုတော့ အရေပြားအထူးကုဆရာဝန်ကြီးတွေနဲ့ လေဆာလို အထူးကုထုံးတွေနဲ့  သေချာကုမှ ရမှာပါ.. ဒီပို့စ်က သံပုရာသီး၊ သံလွင်ဆီ၊ Vit E နည်းတွေကိုလည်း သုံးနိုင်ပါတယ်..
#60
JOEJOE 2012-03-23 07:23
အမရေ ကျွန်တော်က ၀က်ခြံ
တွေရှိနေလို့ဘယ် လိုလုပ်ရမလဲ
ဟင် ၀က်ခြံက ဒီအတိုင်းနေရင် နဲနဲဘဲမြင်ရတာ
ပါးဖောင်းလိုက်ရ င်မျက်နှာတ၀က်လောက်ရှိတယ်ပါးတ၀က်လောက်ပေါ့ ၀က်ခြံက ကြီးလဲမသွားဘူး သေးလဲမသွားဘူး ၀က်ဲခြံက သူများလိုနီနီရဲ ရဲလဲမဟုတ်ဘူး ဒါပေမယ်ညှစ်လိုက်ရင် အညိုေ၇ာင်အဆီခဲေ လးဗျ
အဲဒါဘာသုံးရမလဲ ဘယ်မှာဝယ်ရမလဲလမ်းညွှန်ပေးပါ ;(
ပါးဖောင်းလိုက်ရ င်မျက်နှာတ၀က်လောက်ရှိတယ်ပါးတ၀က်လောက်ပေါ့ ၀က်ခြံက ကြီးလဲမသွားဘူး သေးလဲမသွားဘူး ၀က်ဲခြံက သူများလိုနီနီရဲ ရဲလဲမဟုတ်ဘူး ဒါပေမယ်ညှစ်လိုက်ရင် အညိုေ၇ာင်အဆီခဲေ လးဗျ
အဲဒါဘာသုံးရမလဲ ဘယ်မှာဝယ်ရမလဲလမ်းညွှန်ပေးပါ ;(
#59
စိုင်း 2012-02-26 00:12
အရင်က၀က်ခြံညစ်ြ ပီး ကျန်ခဲ့တဲ့ အမာရွတ် အပေါက်တွေကော
ပျောက်နိုင်လားမ သိဘူး
အစ်မ.ပျောက်အောင်ကောဘ ယ်လိုလုပ်လို့ရမ လဲခင်ဗျာ.
123456789
Add
comment
Name
(required)
E-mail
(required, but will not display)
Notify
me of follow-up comments
Refresh
U
can share this post on..
Copyright © Myanmar Sky Link.
No comments:
Post a Comment